ကျိုက်လတ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ဆောင်ရွက်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များကိုဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကို လယ်မြေအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျုံကလွတ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၊ ကွင်းအမှတ်(၁၂၁C)၊ ဦးပိုင်အမှတ်(၁/၄)၊ ဧရိယာ(၆.၀၀)ဧကရှိ တောင်သူ ဦးသိန်းဝင်း၏လယ်မြေဧရိယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။