လိပ်သို ဇွန် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် တညင်းပင်များကို တစ်နိုင်တစ်ပိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား စတင်ဆွတ်ခူးချိန်၌ ဈေးကောင်းပိုမိုရရှိလာရန် တညင်းစိုက်တောင်သူများ မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ဒေသထွက် တညင်းသီးများမှာ ယမန်နှစ်က ပေါ်ဉီးစအချိန်တွင် တညင်းသီးတစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ တစ်ပုံးလျှင် (၆၀၀၀ဝိ/-) ကျပ်အထိ စျေးရရှိခဲ့သော်လည်း ယခုနှစ်တွင် တညင်းသီး အခွံအုပ် တစ်ပိဿာလျှင် (၁၀၀ဝိ/-)ကျပ်နှင့် တညင်းသီးတစ်ပုံးလျှင် (၂၅၀၀ဝိ/-)ကျပ်မှ (၃၀၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိနေသောကြောင့် တညင်းသီးများ လှိုင်လှိုင်ပေါ်ချိန် တွင် စျေးနှုန်းပြန်လည်မြင့်တက်ရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း တညင်းစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်