သတင်းများ

မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ
Jun 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ အသက်မွမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီနှင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲကျင်းပ
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျေက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီနှင့်လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀)နာရီတွင် ကြံပင်စံပြကျေးရွာ ကျေးရွာပိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jun 22,2025
ရန်ကုန်တိုင်း‌‌ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 22,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ဆောင်ရွက် ပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မုဒုံမြို့နယ် ကွမ်တာကျေးရွာရှိ အသားတိုးကြက်မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှုကြည့်ရှုစစ်ဆေး
Jun 22,2025
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍  ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့ အိမ်ရာမြေအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) မှ  ကွင်းဆင်း‌ဆေးကုသပေး
Jun 22,2025
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-ရန်ကုန်ရုံးခွဲ) ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှနယ်လှည့်ဆေးကုသအဖွဲ့နှင့် ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
လသာမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာ​ပေး​သရုပ်ပြ​​ဆွေး​နွေး
Jun 22,2025
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာ​ပေး​သရုပ်ပြသ​ဆွေး​နွေးခြင်းကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်စျေးများ၌ ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
"အပြည်ပြည်ဆိုင်ရာ ရာသီဥတု​ပြောင်းလဲမှု​နေ့" အထိမ်းအမှတ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Jun 22,2025
ပဲခူးမြို့နယ်သစ်​တောဦးစီးဌာနမှ ဦးဆောင်၍  ဇွန်လ(၂၁)ရက်​နေ့တွင်ကျ​ရောက်သည့် "အပြည်ပြည်ဆိုင်ရာ ရာသီဥတု​ပြောင်းလဲမှု​နေ့" အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်-မန္တ​လေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၀/၅)နှင့် (၄၀/၆)ကြား လမ်းညာဘက်​ဘေး​မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။