စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုများ လိုက်လံကြည့်ရှု
Jun 22,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်း ဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆို လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများ၊ ကျောင်းသား၊ကျောင်းသူများ အဟာရဖြည့် အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များပြင်ဆင်ထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။