ကျောက်တန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျေက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီနှင့်လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲကို ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀)နာရီတွင် ကြံပင်စံပြကျေးရွာ ကျေးရွာပိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအား သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး ဒေါ်စမ်းစမ်းအေးမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားရာတွင် သင်တန်း၌ တက်ရောက်ပြီးသင်ကြားခဲ့သော သင်တန်းသားများမှ မိမိတို့တတ်မြောက်သင်ကြားခဲ့သော လူသုံးကုန်ပစ္စည်းများပြုလုပ်ခြင်းကို တစ်ဦးခြင်း၊ အစုအဖွဲ့များဖြင့်ပြန်လည်ထုတ်လုပ်ပြီး မိမိတို့ကျေးရွာအတွင်းတန်ဖိုးသင့်ပစ္စည်းများ ထုတ်လုပ်ရောင်းချ အသက်မွေးဝမ်းကျောင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သောနည်းပညာများရှိခဲ့ပါက သင်တန်းဆရာမများနှင့်ဆက်လက်သင်ယူသွားကြရန် ပြောကြားခဲ့သည်၊၊
ဆက်လက်၍ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်း၀င်းလတ်က သင်တန်းမှရရှိသောအတတ်ပညာများအား အကျိုးရှိစွာဆက်လက်အသုံးချလုပ်ကိုင်ဆောင်ရွက်သွားရန်နိုင်ရန် လည်းပြောကြားခဲ့ပါသည်။ ထို့နောက် ကြံပင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသူများအားလက်တွေ့ထုတ်လုပ်ခဲ့သောထုတ်ကုန်ပစ္စည်းများအား လက်ဆောင်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး ဒေါ်စမ်းစမ်းအေးနှင့်တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့်၀န်ထမ်းများ၊ ကြံပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သန့်ဇင်ထွန်း