သတင်းများ

ဒေးဒရဲမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်အသိ ပညာပေးဟောပြောပွဲ ကျင်းပ
Jun 25,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ ဈေးကွက်အတွင်း “Signal သွားတိုက်ဆေးအတု”များ ရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ဈေးကွက်အတွင်း “Signal သွားတိုက်ဆေးအတု”များရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ် မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ(ဒုတိယအကြိမ်) ဖြန့်ဖြူး‌ပေးအပ်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ မိုးရာသီ မိုးစပါး ပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား (ဒုတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။
စဉ့်ကိုင်မြို့နယ် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်း 
Jun 25,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်လျက်ရှိရာ  ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူးနှင့် တာဝန်ရှိသူများ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက  ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
​ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများကိုသိရှိစေရေး သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများ သိရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများ၌ ဖြန့်ဝေခဲ့​ကြောင်း သိရသည်။