လဲချားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

လဲချား ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၆)ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်တွင်  အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ကာကွယ်ကုသပြန်လည်ထူ​ထောင်လို့ မူးယစ်ကွင်းဆက်ဖြတ်တောက်စို့၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကိုတားဆီးနှိမ်နင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အဆိပ်ပန်းစသည့်ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်နှင့်အသိပညာပေးအကြောင်းအရာများပါရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)