ဂန့်ဂေါမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဂန့်ဂေါ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ၏တန်ဖိုးကို အများပြည်သူများအလေးထားသိရှိနားလည်ကာထိန်းသိမ်းစေရန်၊ ရာသီဥတုကောင်းမွန်မျှတကာ  အပူဒဏ်ကာကွယ်နိုင်ရေးနှင့်    ဂေဟစနစ်တည်ငြိမ်လာစေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်လမ်းဦးစီးဌာနရုံးရှေ့နှင့် ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမဝန်းအတွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က သစ်တောသစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး၏ ရှင်သန်ရပ်တည်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ အကျိုးပြုလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ၏သားအားလုံးသည် သစ်တောသစ်ပင်များအား အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးတွက် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပန်းမာန်သစ်ပင် လေသန့်စင်၍ ဥယာဉ်တောတန်း စိတ်ရွှင်လမ်း၏”၊ “သစ်တောတွေပြုန်း ရေမြေဆုံးပျက်သုဉ်းကမ္ဘာ မရှည်ကြာ၊ သစ်တောတွေစိမ်း ရေမြေထိန်း၊ ဖွံ့ဖြိုးကမ္ဘာ လွန်ရှည်ကြာ”၊ “သက်ရှိလောက တည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” စသည့် ဆောင်ပုဒ်များနှင့်အညီ နယ်မြေဒေသစိမ်းလန်းစိုပြေစေရေးနှင့် သာယာလှပစေရေးအတွက် စိုက်ပျိုးသည့် သစ်တောသစ်ပင်များ အဓွန့်ရှည်တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းညွန့်မှ ပျိုးပင်များကိုပေးအပ်ခဲ့ရာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က လက်ခံရယူခဲ့သည်။                                                         

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်(၂)ပေအထက်ရှိ တပေဘူတ(၁၄)၊ ခရေ(၃၂)၊ ငုစပ်(၆)၊ အသောက(၃)၊ ပိတောက်(၉)၊ ပန်းတမာ(၁)၊ မယ်ဇယ်(၇)၊ ရေတမာ(၈၃)၊ ကံ့ကော်(၁)၊ ယင်းမာ(၁)၊ ဗန်ဒါ(၁)၊ စိန်တံခြူ(၄)၊ စိန်ပန်းလေး(၁)စသည့် စုစုပေါင်းပျိုးပင်(၁၆၃)ပင်အား တက်ရောက်လာကြသည့် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၁၆၂)ဦးက စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မောင်မျိုးမင်း