တောင်ကြီး ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တောင်ကြီးမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ရုံးဖွင့်ချိန် နံနက်ပိုင်းမှစတင်၍ ပင်စင်လစာများအား အဆင်ပြေချော့မွေ့မြန်ဆန်စွာဖြင့် လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။
တောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၉၃၀၀)ကျော်ရှိပြီး ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်စားများထုတ်ယူရာတွင် ပင်စင်အလွဲသုံးစားမှုမဖြစ်စေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေရေးတို့အတွက် မြန်မာ့စီးပွားရေးဘဏ်ဖွင့်လှစ်ထားသည့် နေရာဒေသမရွေး E-pension ကဒ်များဖြင့် ထုတ်ယူနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ထုတ်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပင်စင်များထုတ်ယူရာတွင်အခက်အခဲရှိပါက တောင်ကြီးမြို့၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံသို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်