သဘာဝဘေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနနှင့်ဂျာမဏီနိုင်ငံ ကိုလုံးတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေ​ခံပညာအထက် တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာန၊ ဒုတိယဌာနမှူး(ညွှန်ကြားရေးမှူး)ဒေါ်စောစန္ဒာဦးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာန၊ ဌာနစုမှူးဒေါ်ခိုင်ဇာလွင်က ဘေးအန္တရာယ်ဆိုင်ရာအသိပညာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဗိုလ်တထောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအာကာမင်းခင်က မီးဘေးအန္တရာယ်အ​ကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ အသိပညာပေးစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့်ဘောပင်များကို ကျောင်းအုပ်ဆရာမကြီးထံလှူဒါန်းပေးပြီး ဆရာမကြီးကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားပြီးမြောက်​ခဲ့သည်။

အခမ်းအနားအပြီးတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနားသို့တက်ရောက်လာသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း( ပြန်/ဆက် )