ကျောက်တန်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ဆင်ကန်လမ်းမကြီးဘေး၊ Apex စက်သုံးဆီအရောင်ဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက်(fire safety certificate(FSC)သက်တမ်းတိုးဆောင်ရွက်ခြင်းကို ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီလဝါဆိပ်ကမ်းဒေသရှိ၊ IBTT သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း၌ ဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(fire safety certificate)(FSC) သက်တမ်းတိုးဆောင်ရွက်ခြင်းပေးခြင်းကို ၂၃ ရက်နေ့ ၁၀း၀၀ နာရီက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်( Fire Safety Certific ate ) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှု ရှိ/မရှိအား တောင်ပိုင်းခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်လွင်ဦး ၊ ကျောက်တန်းမြို့နယ်မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်ကျော်၀င်းတို့မှ စစ်ဆေးဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်သုံးဆီအရောင်းဆိုင်ရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ဆိုင်တာ၀န်ခံမှ လိုက်လံရှင်းလင်းပြသဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)