ကန်ကြီးထောင့် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ ညနေပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘဲဂရက်) တွင် ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဦးစီးအရာရှိဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက “ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်၊ မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အဆိပ်ပန်းကဗျာ”စသည့် အကြောင်းအရာများပါရှိသော လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေးပေးခဲ့ကြသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)