ဆင်ပေါင်ဝဲ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းက ကျေးရွာသား/သူများအား ရေဘေးကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးကျေးဇူးများ၊ ငလျင်လှုပ်နေချိန် နေထိုင်နည်းများ၊ သဘာဝဘေးဖြစ်လာပါက ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျေးရွာသား/သူများအား ရေဘေးပညာပေးနှင့် ငလျင်ဘေး ပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)