သတင်းများ

တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့်ဓာတ်မြေဩဇာ အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက တိုက်ကြီးမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးသည်။
ကျောင်းကုန်းမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောာင်များဖြန့်ဝေ
Jun 25,2025
၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးကြောင်း သိရသည်။
ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 25,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေး
Jun 25,2025
ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Pfizer COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြဝတီခရိုင် ပြည်သူ့ဆေးရုံးကြီး၌ ဆောင်ရွက်သည်။
မိုးညှင်းမြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 25,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီမှစတင်၍ ဆေးထိုးစုရပ်နေရာဖြစ်သည့် စုပေါင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။