ငါးသိုင်းချောင်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်းနှင့်အလယ်တန်းကျောင်း(ခွဲ) ဗိုလ်ချုပ်လမ်းတို့၌ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ ကအခြေခံပညာအထက်တန်းကျောင်းနှင့်အလယ်တန်းကျောင်း(ခွဲ) ဗိုလ်ချုပ်လမ်းရှိကျောင်းသား၊ ကျောင်းသူများထံဖြန့်ဝေခဲ့ရာ "သတင်းစကား" လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှပူးပေါင်ပါဝင် ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ စာရေးဆရာ မောင်ကျေးဇူရေးသားသည့် "အဆိပ်ပန်း "ကဗျာ၊ မူးယစ်ဆေးကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် ရေးသားဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)