ညောင်ဦး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူလျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ်ပါ လိုအပ်သောမျက်ပါးရွှေဆိုင်း ၂၄၀၀ ဝယ်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက် နံနက် ၉ နာရီ ခွဲက ရွှေစည်းခုံဘုရားဂေါပကရုံးခန်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားကာ ရွှေစည်းခုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမောင်မြင့်က ရွှေသင်္ကန်းကပ်လှူနိုင်ရေး စတုတ္ထပိုင်းလုပ်ငန်းစဉ်ပါ အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်လေးခု၊ နတ်လှေကားလေးစင်း၊ ခြင်္သေ့ကြီးလေးစီး၊ ကြာသွပ်အိုးရှစ်အိုး တို့အား ရွှေသင်္ကန်းကပ်လှူရန်လိုအပ်သော မျက်ပါးရွှေဆိုင်း၂၄၀၀ ဝယ်ယူနိုင်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြသပေးသည်။ ထို့နောက် မျက်ပါးရွှေဆိုင်းဝယ်ယူနိုင်ရေး ရွှေဆိုင်းတင်ဒါပွဲကျင်းပခဲ့ကာ တင်ဒါအောင်သည့် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်းပေးသွင်းရေး ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း