လိပ်သို ဇွန် ၂၅
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ ဖြန့်ဝေပေးသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတားဆီးနှိမ်နင်းရေး မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ ကာကွယ်ကုသ ပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက် ဖြတ်တောက်စို့၊ မောင်ကျေးဇူး ရေးသားသည့် အဆိပ်ပန်းကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သရုပ်ဖော်ရုပ်ပြများပါဝင်ပြီး အဆိုပါသတင်းစကား လက်ကမ်းစာစောင်များကို လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်