တံတားဦး ဇွန် ၂၅
၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်းပါးကို တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတားဆီးနှိမ်နင်း ဆောင်းပါး၊ မောင်ကျေးဇူးရေးသားသော “အဆိပ်ပန်း” ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏ မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ ကာတွန်းများ၊ ဆောင်ပုဒ်များကို အရောင်အသွေးစုံလင်စွာ ဖော်ပြရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)