သတင်းများ

အမရပူရ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြပွဲပြုလုပ်
Jun 25,2025
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက ဆီမီးထွန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကိုပြုလုပ်သည်။
ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ အောင်သိဒ္ဓိချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ မင်းဓမ္မလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်အပင်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဘုတ်ပြင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်
Jun 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယနေ့နံနက်က သပြေခန်းမတွင် သင်ကြားပေးခဲ့ပါသည်။
နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန် ၂၃ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓါန နာယကဆရာတော်ဘဒ္ဒန္တနရိန္ဒ၏ သက်တော် (၄၇) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား တက်ရောက်
Jun 25,2025
မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာဘိုးဘွားများခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာအလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်​ကြည်သိန်း၊ တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်
Jun 25,2025
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား၁၀၄ဦး၊ အမျိုးသမီး၂၈ဦး စုစုပေါင်း (၁၃၂)ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ  တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျ လက်ခံဆောင်ရွက်သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သပြေညိုခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ် စံရွေးအုပ်စု၊ စံရွေးကျေးရွာအနီးတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ ​သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးအုပ်စု၊ စံရွေးကျေးရွာအနီးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်မခမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျခဲ့ကြောင်း သိရသည်။