တိုက်ကြီး ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့်ဓာတ်မြေဩဇာ အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက တိုက်ကြီးမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်အရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရေး၊ ကုန်ပစ္စည်းများကိုသိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း သင့်တင့်မျှတသောဈေးဖြင့်ရောင်းချရေး အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
ဝတ်ရည်(ပြန်/ဆက်)