မိုးညှင်းမြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မိုးညှင်း ဇွန် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီမှစတင်၍ ဆေးထိုးစုရပ်နေရာဖြစ်သည့် စုပေါင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်စေရန်အတွက် ကိုဗစ်-၁၉ (Pfizer) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဇွန် (၂၅) ရက်မှ (၂၇) ရက်အထိ သုံးရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ပထမနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း (၂၃၈) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း