မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေး

မြဝတီ ဇွန် ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Pfizer COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြဝတီခရိုင် ပြည်သူ့ဆေးရုံးကြီး၌ ဆောင်ရွက်သည်။

ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူ တစ်ဦးချင်း၏ အချက် အလက်များ ကောက်ယူ၍ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် ဖျားနာပါက ကိုဗစ်-၁၉ ရောဂါ၏ ပြင်းထန်မှုနှင့် သေဆုံးမှုကိုလျှော့ချပေးနိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအား ထိုးနှံပေးလျက်ရှိပြီး နေ့စဉ် နံနက် ၁၀ မှ ညနေ ၄ နာရီ အချိန်ထိ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)