သတင်းများ

ကျိုက်လတ် မြို့မစျေးကြီးအတွင်းရှိ ဆေးဝါးများနှင့် စားသောက်ကုန်အရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆေးဝါးများနှင့် စားသောက်ကုန်အရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Jun 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လူဦးရေစာရင်းများ မှန်ကန်စေရေး ပြန်လည်စီစစ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး ပြန်လည်စီစစ်ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်အောင်နေခြည်စျေးအတွင်း သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက် ဖော်မလင်နှင့် အရောင်တင်ဆိုးဆေးများအန္တရာယ်အကြောင်း ဟောပြောပွဲကျင်းပ
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်နေခြည်စျေးအတွင်း ယနေ့နံနက်က သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ဖော်မလင်နှင့် အရောင်တင်ဆိုးဆေးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာ ( Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်
Jun 06,2025
မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရန်နှင့် ကြဲခင်းစနစ် လျော့နည်းပပျောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာ ( Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ တောင်သူဦးမောင်မြင့်၏ လယ်မြေဧက ၂၀ တွင် ဇွန်လ ၆ ရက် နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်သည်။
ငရုတ်ကောင်းမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဥ်မပါ) အပတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဥ်မပါ) အပတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Jun 06,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ရှိ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း လေးကျောင်းအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ကျောင်းသုံးပစ္စည်း ငွေကျပ် ၄၈ သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်း
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း လေးကျောင်းအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဗဟိုအလုပ်အမှုဆောင် (ဧရာဝတီ တိုင်းဒေသကြီး တာဝန်ခံ) မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသုံးပစ္စည်း ငွေကျပ် ၄၈ သိန်း တန်ဖိုးရှိ ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကွန်ပါဗူး တို့ကို ဇွန်လ(၂)ရက်နေ့မှစ၍ ယနေ့အထိ သွားရောက်လှူဒါန်းပေး လျက်ရှိသည်။