သတင်းများ

ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ပေးလျက်ရှိ
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊‌ မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်ရှိ ယာဉ်ထိန်းတပ်ဖွဲ့စု(၆၅)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဇော်စိုး ဦးဆောင်၍ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မိုးစပါးစိုက်ဧက ရှစ်သောင်းလေးထောင်ကျော် လျာထားစိုက်ပျိုးသွားမည်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် စိုက်ဧက ရှစ်သောင်းလေးထောင်ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများက တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာကေတမြို့နယ်၊ ဇိနမာရ်အောင်​စေတီတော် ဝိမုတ္တိရသဓမ္မာရုံ၌ ဇွန် ၄ ရက်မှ  ၁၀ ရက်ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျင်းပလျက်ရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၌ ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၏ပံ့ပိုးမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသိပညာပေးဟောပြောခြင်းများ၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ စသည်တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 05,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
Jun 05,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ပေါင်းတည်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဘိုးဘွားရိပ်သာဘိုးဘွားများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jun 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းကပေါင်းတည် ဘိုးဘွားရိပ်သာဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်
Jun 05,2025
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ် (၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။