ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သစ်ပင်လဲပြိုခြင်းကြောင့် လျှပ်စစ်ဓာတ်တိုင်ကျိုးကျမှုအား ဖယ်ရှားရှင်းလင်း
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိရပ်ကွက်အများစုတွင် သစ် ပင်၊သစ်ကိုင်းကျိုးကျခြင်း၊ သစ်ပင်လဲပြိုခြင်းများကို လမ်းပိတ်ဆို့မှုမရှိစေရေးနှင့်ထိခိုက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစီးအရာရှိဦးစိုးနိုင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ လိုက်လံရှင်းလင်း ဖယ်ရှားပေးလျက်ရှိကြောင်း သတင်းရရှိသည်။