တမူး မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၆-၂၀၂၇ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ထောက်ပံ့ရန်ပုံငွေ ၆၅.၆၅၀ ကျပ်သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် လမ်း(၃)လမ်းနှင့် ကွန်ကရစ်တံတား(၁)စင်းအနက် စန္ဒကူးရပ်ကွက် အမှတ်(၃) ကုန်သည်လမ်း (၉၅၀'×၁၄'×၉") ချောင်းသဲကျောက်ခင်းခြင်း၊ ဈေးတန်းရပ်ကွက် အမှတ်(၃) ဘုရင့်နောင်လမ်း (၉၅၀' ×၁၄'×၉")ချောင်းသဲကျောက်ခင်းခြင်း၊ ဈေးတန်းရပ်ကွက် အမှတ်(၄) လမ်း (၉၅၀'×၁၄'×၉") ချောင်းသဲကျောက်ခင်းခြင်း ၇၅ ရာခိုင်နုန်းပြီးစီးမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမြင့်နှင့်တာဝန်ခံအင်ဂျင်နီယာ ဦးဇော်ခင်တို့မှ လုပ်ငန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်မှီပြီးစီးရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရတနာ