သတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် စစ်ကိုင်းနှင့် အမရပူရမြို့နယ်ရှိ ဝန်ထမ်းများတွေ့ဆုံ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jun 08,2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယာယီခရိုင်ရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကာ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ် ၊ စာစောင်များနှင့် ပရိဘောဂများ ထပ်ဆင့်  ပေးအပ်လှူဒါန်း
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်၊ စာစောင်များနှင့် ပရိဘောဂများအား  မြို့နယ်အတွင်းရှိ  ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက်  ၁၀ နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင်  ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jun 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ယနေ့  နံနက် (၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာ အ.ထ.က ခွဲကျောင်းနှင့် ညောင်းတုန်းစုကျေးရွာ ဇေယျာဒီပဓမ္မာရုံတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲကျင်းပ
Jun 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် လယ်ယာမြေများ စပါးအထွက်နှုန်း ပိုမိုတိုးတက်ရရှိစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက တညင်ကုန်းကျေးရွာအုပ်စု၊ တညင်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၂၄၄/က)၊ ဦးပိုင်အမှတ် (၃၅)ရှိ တောင်သူဦးဇော်မင်း၏ လယ်မြေ (၇)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း(၄ /၂၀၂၅) ဖွင့်လှစ်
Jun 08,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဥ်(၄/၂၀၂၅)ဖွင့်ပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ဇွန် ၄ ရက်က ကျင်းပပြုလုပ်ကာ သင်ကြားပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်စာရေးဆရာအသင်းမှ ပညာသင်ထောက်ကူပစ္စည်းများ ပေးအပ်
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် စာရေးဆရာအသင်းမှ အသင်းသူအသင်းသားများ၏ သား၊ သမီးများအတွက်  ပညာသင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၇) ရက်နေ့တွင် အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ဝေါမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 08,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာ ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊အငယ်တန်း၊မူလတန်း)သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရွှေဘုန်းဖွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ် ရပ်ကွက်ကျေးရွာ​စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး လုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမ၌ မြို့နယ်စာကြည့်တိုက်များ ကြီး ကြပ်ရေးကော်မတီများ၊ စာပေချစ်မြတ်နိုးသူများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။