သတင်းများ

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း
Jul 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၈)စက်တော်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းခဲ့ကြကြောင်း သိရသည်။
တန့်ယန်းမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း
Jul 15,2025
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
နမ့်စန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများကို ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Jul 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများကို ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ နှိုးဆော်
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်း  ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့်ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို ဇူလိုင် ၁၄ ရက်၊ မွန်းလွဲပိုင်းအချိန် က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝါးခယ်မတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြား
Jul 15,2025
ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှစကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Jul 15,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 15,2025
အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူလေးစားစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Jul 15,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်း လွဲ ၁ နာရီအချိန်က ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ရာ ဒေါပုံမြို့နယ်စာရေးဆရာအသင်း နာယကကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။