မိုးနဲ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၈)စက်တော်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကြောင်း ကျောင်းသား/သူများအနေဖြင့်လည်း ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိခြင်း၊ ဗလငါးတန်နှင့် ပြည့်စုံစေခြင်း၊ နေ့ကြီးရက်ကြီးများကို မှတ်မှတ်ရရရှိနေခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကိုလည်း အမှတ်တရရှိနေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ပြန်လည်နိုးကြွားလာခြင်းတို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း စာငှားစာဖတ်သူဦးရေတိုးပွားလာခြင်း၊ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများ၊ အသိပညာပေးဟောပြောပွဲများ ကိုအခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို