တန့်ယန်းမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း

တန့်ယန်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် တပ်ဦးကျောင်းတိုက် ဦးစီးပဌာန ဆရာတော် ဘဒ္ဒန္တနန္ဒိယထံမှ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေနီနွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)