ဝါးယ်မ ဇူလိုင် ၁၅
ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ဝါးခယ်မမြို့နယ် မင်းပိုင်းရပ်ကွက် ရွှေခယ်သီရိအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှစကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသား ၁၀၆၆ ဦးအား မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ စာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပြသပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ရွေးကောက်ပွဲကာလအတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်၊ ထိန်းချုပ်စက်ကိုင်တွယ်သူအဖြစ် ဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများအား သင်တန်းနည်းပြ ၁၄ ဦးက ဇူလိုင်လ ၁၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ