မိုးညို ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့်ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို ဇူလိုင် ၁၄ ရက်၊ မွန်းလွဲပိုင်းအချိန် က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၏ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေး ချက်ရလျှင်ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လိုက်လံနှိုးဆော်ခဲ့ပြီး ရေဘေးအန္တရာယ် အသိပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း (ပြန်/ဆက်)