ဘိုကလေးမြို့နယ်တွင် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက်လမ်း ခင်းကျင်းမည်
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၁၂၉.၁၈၈)သန်းဖြင့် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက်လမ်းအရှည် (၀.၄၀၂) ကီလိုမီတာ၊ အကျယ် (၃.၆၆)မီတာ၊ ထု(၁၇၅)မီလီမီတာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာပြည့်မှီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။