နမ့်စန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများကို ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နမ့်စန်(တ) ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများကို ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးများနှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် စာရေးကိရိယာများနှင့် တက္ကသိုလ်အဆင့်(၃)ဦးအား တစ်ဦးလျှင် ၅ သောင်းကျပ်နှုန်း၊ အထက်တန်းအဆင့် (၅) ဦးအား တစ်ဦးလျှင် ၄ သောင်းကျပ်နှုန်း၊ အလယ်တန်းအဆင့်(၁၀)ဦးအား တစ်ဦးလျှင် ၃ သောင်းကျပ်နှုန်း၊ မူလတန်းအဆင့်(၈)ဦးအား တစ်ဦးလျှင် ၂ သောင်းခွဲကျပ်နှုန်းနှင့် KG အဆင့်(၅)ဦးအား တစ်ဦးလျှင် ၂ သောင်းကျပ်နှုန်းဖြင့် တစ်ဦးချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)