စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

စဉ့်ကိုင်  မေ ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီ ‌ဖြစ်‌ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်း ၁၀၃ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၉ ကျောင်းတို့တွင် မေ ၂၅ ရက် နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 ထိုသို့ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင်  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများက ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက်၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် အတန်းအလိုက် သတ်မှတ်ထားသည့် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများအပြင်၊ KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံများကိုပါ အခမဲ့ ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)