၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တောင်ကြီး မေ ၂၆

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရှမ်းပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အုပ်စု(ဂ)တောင်ကြီးဇုန်အုပ်စု ပတ်လည်ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အုပ်စု(ဂ)တောင်ကြီးဇုန်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အုပ်စုပွဲစဉ်အပြီး၊ ရှုံးထွက်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)