ပြည်ကြီးတံခွန် မေ ၂၆
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေ ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ (ခ)ရပ်ကွက်အတွင်းရှိ လူနေ အိမ်များအားတစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်သည်။
ယင်း မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ တပ်ဆင်ထားသောမီးငြှိမ်းသတ်ရေးစနစ်များအား စစ်ဆေးအကြံပေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)