တနင်္သာရီမြို့နယ်၌ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

တနင်္သာရီ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို မေ ၂၅ ရက်နံနက်ပိုင်းက တနင်္သာရီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)နှင့် အခြေခံပညာမူလတန်းကျောင်း(ချောင်းငယ်)တို့တွင် ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ UID ကတ်ပြားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စနစ်တကျရရှိနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)