ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ဒလ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်‌ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနည်းပြ‌ဆရာမှ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး လူတို့ဘဝမြှင့်တင်ဖို့ စာအုပ်စာပေဖတ်ကြစို့‌ ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများအား ပန်းချီသင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်‌သွားမည်ဖြစ်‌ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)