သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊​ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီကမြို့နယ်အတွင်း ရပ်ကွက်များ၌ သန့်ရှင်းရေးလှုပ်ရှားမှုများ၊ အမှိုက်သိမ်း စနစ်များနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို  တစ်နှစ်ပတ်လုံး လုပ်ဆောင်သွား မည့် စီမံချက်၏အရ (၁)ရပ်ကွက်၊ ဓမ္မာရုံတွင် ယမန့်နေ့ နေ့လယ် ၁ နာရီက လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။
ခရမ်းမြို့နယ်၊ အ‌ခြေခံပညာကျောင်းများအတွက် ရရှိသည့် ရေစင်များ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 11,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ရေစင် များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိသည့် အခြေခံပညာအထက်တန်း၊ အထက် တန်း(ခွဲ)နှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ကိုဗစ်-၁၉ ၏စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်(CERP)အရ ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 11,2020
ကိုဗစ်-၁၉၏စီးပွားရေးအပေါ်ထိခိုက်နစ်နာမှုသက်သာရေးစီမံချက် (CERP)အရဖွင့်လှစ်သော ကြက်မွေးမြူရေး သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ် အသက် (၁၈) ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်
Aug 11,2020
အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဝင်ကျေးရွာများတွင် မြေ သားလမ်းပြုပြင် အဆင့်မြှင့်တင်ခြင်း၊ ရေကန်ဘောင်ပြု ပြင်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ် ကာလအရေးပေါ်တုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်သော Cash for Work စီမံကိန်း‌ဆောင်ရွက်ရန် မြို့နယ်အတွင်းရှိ
ဟိုင်းကြီးကျွန်း၌ကိုဗစ်-၁၉ ကြောင့်စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရန် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်း ဖွင့်လှစ်
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က COVID – 19 ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျွဲ ၊ မွေးမြူထုတ်လုပ်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကပ်ပါးမွှားရောဂါကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 11,2020
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲတာ၀န်ခံ ဦးသိန်းကိုဦးဆောင်၍ ပြင်ဦးလွင်မြို့နယ်၊
ရေဦးစာစစ်ဌာနမှ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်၀င်စာမေးပွဲ ဂုဏ်ထူးရှင် ၁၅၃၉ ဦးထွက်ပေါ်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်စာစစ်ဌာနတွင် ၂၀၁၉ - ၂၀၂၀ ပပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင် အတွင်း‌ဖြေ၊ အပြင်ဖြေ သိပ္ပံတွဲ ဝိဇ္ဇာတွဲအလိုက်ဖြေဆိုသူစုစုပေါင်း ၇၆၀၇ ဦး အောင်မြင်သူစုစုပေါင်း ၃၈၂၃ ဦးဖြစ်ကြောင်း သိရသည်။