မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ကိုဗစ်-၁၉ ၏စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်(CERP)အရ ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်

တောင်တွင်းကြီး ဩဂုတ် ၁၁

ကိုဗစ်-၁၉၏ စီးပွားရေးအပေါ်ထိခိုက်နစ်နာမှုသက်သာရေးစီမံချက်(CERP)အရ ဖွင့်လှစ်သော ကြက်မွေးမြူရေး သင်တန်းကို မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းမှာ တိုင်းရင်းကြက်ရွှေးချယ်နည်း၊ တိုင်းရင်းကြက်မွေးမြူရခြင်း၏ကောင်းကျိုးများ၊ မွေးမြူရေး စနစ်နှင့် အာဟာရတိုက်ကျွေး နည်း၊ ကြက်ရောဂါအကြောင်းများ၊ ကာကွယ်ဆေးထိုးအစီအစဉ်နှင့် ခေတ်မှီကာကွယ်ကုသနည်းများသင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း မွေးမြူရေးလုပ်ကိုင်ကြသည့် ပြည်သူများ၏စီးပွားရေးထိခိုက်မှုသက်သာစေဖို့အတွက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည်ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှသိရသည်။

အဆိုပါသင်တန်းကို ကျေးရွာအုပ်စု(၇၂)အုပ်စုမှ သင်တန်းသား(၁၀၀)ဦး သတ်မှတ်ထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည့် ညွန်ကြားချက်များနှင့်အညီ(၂၀)ဦးတစ်ဖွဲ့ခွဲ၍ တစ်ဖွဲလျှင်သင်တန်း(၃)ရက်၊ (၅)ကြိမ်ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းနည်းပြအဖြစ် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲနန္ဒ ဦးဆောင်သောသင်တန်းနည်းပြဆရာ(၈)ဦးမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)