Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအုပ်စု နှောညောင်ပင်ကျေးရွာတွင် ဧရာမင်းမျိုးသန့်စပါး (RS -CS)မျိုး အဆင့်စိုက်ပျိုး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအုပ်စု၊ နှောညောင်ပင်ကျေးရွာတွင် ဧရာမင်း မျိုးသန့်စပါး (RS-CS) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူဦးညွန့်လွင်၏ လယ်မြေအတွင်းတွင် စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် တောင်သူ ဦးမြင့်သောင်း ထွန်းလယ်မြေ (၅) ဧက မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက သာဓုပရိ ယတ္တိစာသင်တိုက်၊ အောင်သုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် တိရိစ္ဆာန်များအတွက် အစာနုများထောက်ပံ့ပေးအပ်
Aug 11,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် တိရစ္ဆာန် များအတွက် အစာနုထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းရှိ အများပြည်သူဝန်ဆောင်မှုရုံး (OSS)တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီ၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကွန်ကရစ်လမ်းခင်းရာ နေရာသို့ ယမန့်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ အောင်မြင်မှုရာခိုင်နှုန်း ၂၀.၆၂ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရ ကျောင်းသားဦးရေ (၉)ဦးရှိ
Aug 11,2020
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Online မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာခဲ့ပြီး ယမန်နေ့ နံနက် (၉)နာရီမှစ၍ ချီဖွေ အ.ထ.က ကျောင်း၌ Social Distancing နှင့် အညီ ကြေညာထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသ ကြီးအစိုးရရန်ပုံငွေဖြင့် ရပ်ကွက်(၂၀)တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် လမ်းခင်းခြင်း၊ ရေမြောင်းနှင့် မြောင်းအဖုံးများဆောင်ရွက်ခြင်းနှင့် နောက်ဖေးလမ်းကြားပန်းဥယျာဉ်များ အကောင် အထည်ဖော်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ဆေးပေးခန်းနှင့် မူကြိုကျောင်း တည်ဆောက်ရေး လုပ်ငန်းများရာနှုန်း ပြည့်ပြီးစီး
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၊ ပါထမ်ကျေးရွာနှင့် ဟောင်ကန် ကျေးရွာ အုပ်စု၊ ဝမ်မတ်ကျေးရွာ တို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်အဖေါ် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက် ဆေးပေးခန်းနှင့် မူကြိုကျောင်း တည်ဆောက်မှု လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
31968
Page
31969
Page
31970
Page
31971
Current page
31972
Page
31973
Page
31974
Page
31975
Page
31976
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department