ရေဦး ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်စာစစ်ဌာနတွင် ၂၀၁၉ - ၂၀၂၀ ပပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင် အတွင်းဖြေ၊ အပြင်ဖြေ သိပ္ပံတွဲ ဝိဇ္ဇာတွဲအလိုက်ဖြေဆိုသူစုစုပေါင်း ၇၆၀၇ ဦး အောင်မြင်သူစုစုပေါင်း ၃၈၂၃ ဦးဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်၀င်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက်ည ၁၂ နာရီ ၃၀ မိနစ်မှစ၍ ပညာရေး၀န်ကြီး ဌာန အခြေခံပညာဦးစီးဌာနမှ အွန်လိုင်းမှတဆင့် ထုတ်ပြန်ကြေညာပေးသလို Website တွင် ကြည့်ရှုမှု အဆင်ပြေသူ များအတွက် မြန်မာ့အသံရေဒီယို၊ စကိုင်းနက်ချနရယ် တို့မှလည်းကြေညာပေးခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းအုပ်နှင့် တာ၀န်ကျဆရာဆရာမများထံ ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီမှစ၍ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းကြည့်ရှုနိင်ရန် စီစဉ်ထားသည်။
အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးရာတွင် ရေဦးမြို့နယ်မှ ဂုဏ်ထူးရှင် ၁၅၃၉ ဦးထွက်ပေါ်ခဲ့ပြီး ဘာသာစုံ ဂုဏ်ထူးရှင် ၁၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၉၁ ဦး၊ သုံးဘာသာဂာဏ်ထူးရှင် ၁၉၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၂၃ ဦး၊ တစ်ဘာသာဂုဏ် ထူရှင် ၈၈၂ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၂၈၄ ဦး အောင်မြင်ကာ အောင်ချက်အနေဖြင့် (၅၀ ဒသမ ၂၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူရုံး စာရင်း ဇယားများအရ သိရသည်။
သန်းထိုက် (ရေဦး)