အမရပူရမြို့နယ် အသက် (၁၈) ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်

အမရပူရ ဩဂုတ် ၁၁

အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာ စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မန္တလေးခရိုင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးလေးကိုကိုဦးနှင့် ဝန်ထမ်းများ၊ တောင်သမန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်နှင့်အဖွဲ့ဝင်များက တောင်သမန်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်းမရှိသေးသော အသက် (၁၈) နှစ် ပြည့်ပြီးသူများကို ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းနှင့် နိုင်နှစ်ပုံစံဖြည့်သွင်းရာတွင် ဘိုးဘွားများ၏အချက်အလက်များအား မှန်ကန်စွာဖြည့်သွင်း၍ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအားလုံး တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ခရိုင်ဦးစီးမှူးမှ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်သူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။

အလားတူ သစ္စာစီမံချက်ဖြင့် အိုးတော်ရပ်ကွက်၊ ရေကြည်ပေါက်ကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာအုပ်စုတို့တွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်လျက် ရှိသည်။

ဟိန်းထက်(အမရ)