ခရမ်း ဩဂုတ် ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ရေစင်များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိသည့် အခြေခံပညာအထက်တန်း၊ အထက် တန်း(ခွဲ)နှင့် အလယ်တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျောင်းအကျိုးတော်ဆောင် များနှင့် တွေ့ဆုံ၍ လုပ်ငန်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရမ်းမြို့နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်နှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီး ရေး၊ လေလွင့်မှုနည်းပါး၍ အချိန်မီပြီးစီးရေးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်က ကျောင်းများအလိုက် ခွင့်ပြုမှုနှင့် လုပ်ငန်း အောင်မြင်ချောမွေ့စွာ ပြီးဆုံးနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများအလိုက် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)