မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြောက်ဥက္ကလာပ  ဩဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီကမြို့နယ်အတွင်း ရပ်ကွက်များ၌ သန့်ရှင်းရေးလှုပ်ရှားမှုများ၊ အမှိုက်သိမ်း စနစ်များနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို တစ်နှစ်ပတ်လုံး လုပ်ဆောင်သွား မည့် စီမံချက်၏အရ ()ရပ်ကွက်၊ ဓမ္မာရုံတွင် ယမန့်နေ့ နေ့လယ် နာရီက လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်() ဦးရဲဆင့်က ()ရပ်ကွက် အတွင်း စွန့်ပစ် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ()ရက်တိုင်တိုင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေး နွေးပြောကြားပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဩဂုတ်လ (၁၁)ရက်မှ (၁၆) ရက်နေ့အထိ ()ရပ်ကွက်အတွင်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာ လှပစေရန် အမှိုက်များ၊ မြက်များ၊ သစ်ပင်၊ သစ်ကိုင်များ ရှင်းလင်းရေး လုပ်ငန်းများ၊  အမှိုက်သိမ်း စနစ်ဖြင့် အမှိုက်များသိမ်းဆည်းခြင်း လုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်သွားမည့် အကြောင်းကို အသီးသီး ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ()ရပ်ကွက်အုပ်ချုပ်ရေးမှူးက သန့်ရှင်းရေးများနှင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ NGOများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

မြမြဝင်း(ပြန်/ဆက်)