ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဝင်ကျေးရွာများတွင် မြေ သားလမ်းပြုပြင် အဆင့်မြှင့်တင်ခြင်း၊ ရေကန်ဘောင်ပြု ပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ကွမ်းခြံကုန်း    ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ် ကာလအရေးပေါ်တုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်သော Cash for Work စီမံကိန်း‌ဆောင်ရွက်ရန် မြို့နယ်အတွင်းရှိ ကျေးရွာ()ရွာကိုရွေးချယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်ပြီး လုပ်အားခ ငွေရရှိစေမည့် Cash for Work စီမံကိန်းလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့က စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် အထက်ဆိပ်ကျေးရွာနှင့်ညောင်နီ ကုန်းကျေးရွာများတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ကြခတ်ကုန်းလေးကျေးရွာအုပ်စု၊ အထက်ဆိပ် ကျေးရွာတွင်‌ရေကန်ဘောင်ပြုပြင်ခြင်း နှင့် မြေသား လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ညောင်နီကုန်းကျေးရွာတွင် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း များကို စီမံကိန်း ထောက်ပံ့ရန် ပုံငွေကျပ်သိန်း(၁၀၀)တွင်တည် ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများအတွက်သိန်း (၄၀)၊ လုပ်အားခအဖြစ် သိန်း(၆၀) ရရှိမည်ဖြစ်ရာကျေး ရွာနေပြည်သူများအတွက်လုပ်အားခပေးချေမည့်လုပ် ကွက်များကို လည်းသတ်မှတ်‌ပေးထားကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကိုဆောင်ရွက်ရန်ထင်းပုံဆိပ်ကျေးရွာ၊ ညောင်နီကုန်း ကျေးရွာ၊ အထက်ဆိပ်ကျေးရွာ၊ သိုက်ကုန်းကျေးရွာ၊ မယ်ရကုန်းကျေးရွာ၊ ဘိုးသီကုန်းကျေးရွာ၊ ဘောစကိုင်းကျေးရွာ၊ တောကဆော့ ကျေးရွာတို့ကို ရွေးချယ်ထားပြီး‌ ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အ ထောက်အကူ ပြုနိုင်မှာ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)