စဉ့်ကိုင်မြို့နယ်တွင် ကပ်ပါးမွှားရောဂါကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေး

စဉ့်ကိုင်  သြဂုတ်   ၁၁

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲတာ၀န်ခံ ဦးသိန်းကိုဦးဆောင်၍ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့မှ တာ၀န်ခံများနှင့် ပုဂ္ဂလိကပျားမွေးမြူသူများ အသင်း အဖွဲ့မှ အဖွဲ့၀င်များသည် ဘာရိုဝါဂျက်ကော့ဆိုနီကပ်ပါးမွှားရောဂါ ကျရောက်နေသည့် ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာ၊ နောင်ချိုမြို့နယ်များရှိ ပျားမွေးမြူသူများထံသို့ ယမန်နေ့နံနက် () နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင် ပျားအုံများနှင့်ပျားရောဂါများ စစ်ဆေးခြင်း၊ ရောဂါကုသရန်နည်းလမ်းများဖြစ်သော မိမိပျားများ စခန်းပြောင်းရွှေ့ ချထားမွေးမြူမည့်နေရာ၊ ပတ်၀န်းကျင်ရှိ ပျားစခန်းများတွင် ဘာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါကျရောက်မှု ရှိ/မရှိဦးစွာ စုံစမ်းရန်၊ ပျားအုံ ပြင်ပစစ်ဆေးခြင်း၊ တွေ့ရှိရသော ပျားကောင်များနှင့်ပျားသေကောင်များအား စစ်ဆေးရန်၊ ပျားသလတ်ချပ်နှင့်ပျားအင်အားမျှတမှုရှိရန်၊ ပျားအုံ စစ်ဆေးရာတွင် () ရက် () ကြိမ် စစ်ဆေးပြီး သံသယရှိသောပျားအုံများမှ ရုပ်ဖုံးပျားထီးသားလောင်းများအား ဓားဖြင့်လှီး၍ ထုတ်ယူ စစ်ဆေး ရန်၊ ပျားအုံဖွံ့ဖြိုးမှုကောင်းမွန်အောင်ဆောင်ရွက်လိုပါက  ဖြည့်စွက်စာများတိုက်ကျွေးရန်၊ ပြင်ပမှပျားများလာရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရန်၊ အခြားပျားစခန်းတွင် ရောဂါကျရောက်ဖြစ်ပွားနေကြောင်းသိရှိရပါက နီးစပ်ရာမြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဆက်သွယ်အကြောင်းကြားရန်၊ ဇီ၀နည်းနှင့်ကုသခြင်း၊ ဓာတုဆေးဝါးများဖြင့်ကုသခြင်းများဆောင်ရွက်ရန်၊ ရောဂါများပျောက်ကင်းပါက ဌာနသို့  အကြောင်းကြားပြီး စစ်ဆေး၍ ထောက်ခံချက်များရယူသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘာရိုဝါဂျက်ကော့ဆိုနီကပ်ပါးမွှားရောဂါသည် ယခင် ၁၉၉၉-၂၀၀၀ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဌာန/ပုဂ္ဂလိကများ၏ ပျားအုံများ ထက်၀က်ခန့်လျော့ကျခဲ့သည့်အတွက် ယခုအချိန်တွင်လည်း ပျားမွေးမြူသူများမပေါ့ဆဘဲ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာ၀န်ခံရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦး၀င်းအောင်ထံက သိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန်/ဆက်)