ဆဒုံး သြဂုတ် ၁၁
ကချင်ပြည်နယ်၊ ဆဒုံးမြို့ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် (၁၀) နာရီက သုတ/ရသ စာအုပ်များ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ သုတ/ရသစာအုပ်များကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဌေးက လက်ခံခဲ့ကြောင်း သိရသည်။
ဝေါ်တား (ပြန်/ဆက်)