မိုင်းဆတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါ်နန်းခမ်းလွှမ်းက “ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ရဲရင့်ခြင်း” နှင့် “လူနှင့်အလုပ်” ခေါင်းစဉ်များ ဖြင့်လည်းကောင်း၊ ဦးချင်းတွင်းဇော်က “လက်တွေ့ ကျသောစိတ်ကူးယဉ်သမားများ”နှင့် “လောကကြီး ထဲမှာ မိမိနေရာကိုရှာဖွေခြင်း” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဒေါ်စန္ဒာမိုးက “စိတ်ချမ်းသာပျော်ရွှင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီး သီးဆွေးနွေးခဲ့ကြပြီး ရွှေသရဖူနေ့အထူးစာသင်ဝိုင်းမှ ကျောင်းသူ လေးများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club) ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရွှေသရဖူနေ့အထူးစာသင်ဝိုင်းမှ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင် (ပြန်/ဆက်)